အသင်းကြီးတွေဟာ မရှုံးသင့်ဘူး ဒါပေမဲ့ သူတို့ ရှုံးနိမ့်နေဆဲပဲ ဖြစ်ပါတယ်။ တစ်ခါ နှစ်ခါ မဟုတ်ဘဲ မကြာခဏ ဖြစ်ပါတယ်။ ဒီလို မကြာခဏ ဖြစ်တာဟာ “အားသာသူ” ဆိုတာ “အနိုင်ရသူ” လို့ အဓိပ္ပာယ်မရှိဘူးဆိုတာကို သတိပေးဖို့အတွက် လုံလောက်ပါတယ်။ တချို့လူတွေကတော့ အံ့အားသင့်စရာလို့ ပြောကြတယ်၊ တချို့ကတော့ ကံမကောင်းတာလို့ ပြောတယ်။ တကယ်တမ်းကျတော့ ဒါဟာ လုံးဝ ပုံမှန် ဖြစ်ပါတယ်။ သူတို့ ရှုံးနိမ့်ရတဲ့ အကြောင်းရင်း တစ်ခု အမြဲတမ်း ရှိနေပြီး အဲဒီ အကြောင်းရင်းတွေကို နားလည်ထားခြင်းက သင့်ရဲ့ နောက်တစ်ကြိမ် လောင်းကြေးထပ်ဖို့ တွက်ချက်ထားတဲ့ ခန့်မှန်းချက်တွေကို ပြုလုပ်ဖို့ ကူညီပါလိမ့်မယ်။
အာရုံပြောင်းခြင်း
အသင်းကြီးတွေ ဟာ ရိုးရိုးအသင်းတွေထက် ပြိုင်ပွဲပေါင်း များစွာ ပိုပြီး ကစားကြပါတယ်။ ဒါကြောင့် သူတို့ဟာ နောက်လာမယ့် ပွဲစဥ်ကို အာရုံစိုက်ပြီး ကစားနေတတ်ကြပါတယ်။ ဒါဟာ Champions League၊ အသင်းအချင်းချင်း ဒေသတွင်းပြိုင်ပွဲ ဒါမှမဟုတ် Cup Semi-Final လိုမျိုး ပိုပြီး အရေးကြီးတဲ့ ပွဲစဉ်တွေ ဖြစ်နေနိုင်ပါတယ်။ နည်းပြတွေက ကစားသမားတွေကို အလှည့်ကျ သုံး တယ်၊ ကစားအားကို လျှော့ ချင်တယ်၊ ပြီးတော့ ဒဏ်ရာမရအောင် ရှောင် ကြပါတယ်။ သူတို့ဟာ ပုံမှန်အားဖြင့် အရံကစားသမားတွေကို သူတို့ရဲ့ အဓိက ကစားသမားအဖြစ် အသုံးပြုကြပါတယ်။ တစ်ဖက်မှာကျတော့ အသင်းငယ် က သူတို့ရဲ့ ပွဲနေ့မှာ အားကုန်ထုတ် ကစားတဲ့အခါ အသင်းကြီးတွေရဲ့ အာရုံပြောင်းလဲနေမှုဟာ အသင်းငယ်အတွက် အားသာချက် အဖြစ် ပြောင်းလဲသွားပါတယ်။
ဖိအားနည်းတဲ့ အခြေအနေ
အသင်းတစ်သင်းက ထိပ်ဆုံးမှာ သက်သောင့်သက်သာ ရှိနေရင် ဒါမှမဟုတ် ဝင်ခွင့်ဇုန်ထဲမှာ လုံလုံခြုံခြုံ ရှိနေရင် တစ်ပွဲတည်းက အများကြီး ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး။ တကယ့်ဖိအား မရှိတော့တဲ့အခါ စိတ်အားထက်သန်မှုတွေက မှေးမှိန် သွားနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ တန်းဆင်းဇုန်ကနေ ရှောင်ထွက်ဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ ကြိုးစားနေကြတဲ့ အသင်းငယ်လေးတွေကတော့ အဲဒီပွဲကိုပဲ ဖိုင်နယ်ပွဲလိုမျိုး သဘောထားပြီး ကစားကြပါတယ်။ နောက်တစ်ကြိမ်မှာ ကိုယ့်ရဲ့ အကြိုက်ဆုံးအသင်းကို မျက်စိမှိတ်ပြီး လောင်းကြေးမထပ်ခင် အဆင့်ဇယားကို စစ်ဆေးကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ : ကျွန်တော့်အသင်း ဒီပွဲကို နိုင်ရင် ဇယားမှာ ဘာတွေ ပြောင်းလဲသွားမလဲ? ပြိုင်ဘက်အသင်း နိုင်သွားရင်ရော ဘာတွေ ပြောင်းလဲသွားမလဲ? ပွဲရဲ့ ရလဒ်က ဘယ်အသင်းအတွက်မှ အရေးမပါဘူး ဆိုရင် အဲဒီပွဲကို ရှောင်ရှားတာက အကောင်းဆုံးပါပဲ။
အဓိက ကစားသမားများ မပါဝင်ခြင်း
အဓိက ကစားသမား တစ်ဦး (သို့) နှစ်ဦး၊ အထူးသဖြင့် ခေါင်းဆောင်တွေ ဒါမှမဟုတ် ကြယ်ပွင့်ကစားသမားတွေ မပါဝင်နိုင်တဲ့အခါ အသင်းရဲ့ စည်းချက်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ အရံကစားသမားတွေကို အဓိက ကစားသမားတွေနဲ့ အတိအကျတူအောင် ကစားဖို့ မျှော်လင့်လို့ မရပါဘူး။ အဓိက ကစားသမားတွေဟာ မကြာခဏဆိုသလို ပြင်းထန်တဲ့ ကစားအား၊ ဆုံးဖြတ်ချက်ချမှုနဲ့ အသင်းရဲ့ ယုံကြည်မှုတွေကို ဦးစောင်ပေးတတ်ကြပါတယ်။ ဒါ့အပြင် မန်နေဂျာတချို့ရဲ့ ကစားဟန်တွေဟာ ကစားသမား တစ်ဦးတည်းအပေါ်မှာပဲ အဓိက မှီခိုနေတတ်ကြပြီး အဲဒီသူသာ မပါဝင်နိုင်ဘူးဆိုရင် အသန်မာဆုံး အသင်းတွေတောင် မထင်မှတ်ဘဲ သာမန်အတိုင်း ဖြစ်သွားနိုင်ပါတယ်။ ပွဲမစခင်မှာ မပါဝင်နိုင်တဲ့ ကစားသမားတွေကို စစ်ဆေးကြည့်နိုင်တဲ့ Football App အများကြီး ရှိပါတယ်။ ဘယ်သူတွေ မပါဝင်နိုင်ဘူးလဲဆိုတာ သိဖို့ အဲဒီ App တွေကို သုံးပါ။ ပြီးရင် သူတို့ရဲ့ နောက်ဆုံး ၁၀ ပွဲစာ စွမ်းဆောင်ရည် ကိုလည်း ပြန်ပြီး စစ်ဆေးကြည့်ပါ။
ပြိုင်ဘက်ရဲ့ စိတ်အားထက်သန်မှု
အသင်းငယ်လေးတွေဟာ ငါးပွဲ၊ ခြောက်ပွဲ ဒါမှမဟုတ် ခုနစ်ပွဲဆက်တိုက် မနိုင်ဘဲ ရှုံးနိမ့်နေပြီးနောက် အမှတ်ရဖို့အတွက် အသည်းအသန် ကြိုးစား နေတာမျိုး ရှိတတ်ပါတယ်။ သူတို့ဟာ လက်တွေ့ကျကျနဲ့ နည်းစနစ်ပိုင်းအရ အားသာသူကို မနိုင်ရင်တောင်မှ ဘတ်စ်ကားရပ်သလိုမျိုး ပြိုင်ဘက်ကို စိတ်ပျက်အောင်လုပ်ပြီး သရေတစ်မှတ် ဆွဲယူဖို့အတွက် အပြည့်အဝ အာရုံစိုက်ပြီး ကစားကြပါတယ်။ အဲဒီ "ရှုံးလည်း ဘာမှ မဖြစ်ဘူး၊ နိုင်ရင် အကုန်ရမယ်" ဆိုတဲ့ စိတ်ဓာတ်ကြောင့်ပဲ သူတို့ကို အနိုင်ယူဖို့ အံ့ဩစရာကောင်းလောက်အောင် ခက်ခဲ သွားစေပါတယ်။ ယုတ္တိကျကျ တွေးခေါ်မှုအရဆိုရင် ခြောက်ပွဲဆက်တိုက် နိုင်နေတဲ့ အသင်းက ဆက်နိုင်နေမှာပါ။ ပြီးတော့ ခြောက်ပွဲဆက် ရှုံးနေတဲ့ အသင်းကလည်း ဆက်ရှုံးနေမှာပါ လို့ ယူဆဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာတော့ ဒီသဘောတရားအတိုင်း မဟုတ်ပါဘူး။ နိုင်နေတဲ့အသင်းဟာ ယုံကြည်မှု လွန်ကဲလာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရှုံးနိမ့်နေတဲ့ အသင်းကတော့ သူတို့ရဲ့ ရှုံးပွဲဆက်နေမှုကို ရပ်တန့်ဖို့ နဲ့ ရလဒ်ကောင်းတစ်ခု ရဖို့ အတွက် စိတ်အားထက်သန်မှု အပြည့်နဲ့ ကစားကြပါတယ်။
ဘောလုံးပွဲရဲ့ မတည်ငြိမ်မှု
သင့်ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပြီး အပေါ်မှာ ပြောခဲ့တဲ့ နည်းလမ်းတွေ အသုံးပြုကာ အကြိုက်ဆုံး အသင်းကို ဂရုတစိုက် ဆန်းစစ်ပြီးနောက်မှာတောင်မှ အရာရာကို တစ်စက္ကန့်အတွင်း ဖျက်ဆီးပစ်နိုင်တဲ့ အချက်တစ်ခု ရှိနေသေးတယ်။ အဲ့ဒါကတော့ ဘောလုံးပွဲရဲ့ မတည်ငြိမ်မှုပဲ ဖြစ်ပါတယ်။ အဲ့ဒါဟာ ဘောလုံးပွဲတွေကို ခန့်မှန်းရခက်စေတဲ့ အရာ ပဲ ဖြစ်ပါတယ်။ ဖျက်ထုတ်လိုက်တာ၊ အနီကတ် တစ်ကတ်၊ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် တစ်ခု၊ ဒါမှမဟုတ် အမှားတစ်ခုက ပွဲစဉ်တစ်ခုလုံးကို လုံးဝ ပြောင်းပြန်လှန်ပစ်နိုင်ပါတယ်။ အင်အားအကောင်းဆုံးအသင်းတွေတောင်မှ မိနစ် ၉၀ လုံး ထိန်းချုပ်ကစား နိုင်ပေမယ့် ရှုံးနိမ့်တဲ့ အနေအထားနဲ့ပဲ ထွက်ခွာသွားရတာ မျိုး ရှိပါတယ်။ ဒါက ကျရှုံးတာ မဟုတ်ပါဘူး - ဒါက ဘောလုံးလောကပါ။
နိဂုံးချုပ်
အသင်းကြီးတွေက အသင်းငယ်တွေကို ရှုံးတာဟာ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ အဲဒါဟာ ဘောလုံးလောကရဲ့ သဘာဝအစဉ်အလာ ပဲ ဖြစ်ပါတယ်။
Motivation, future matches, missing key players, the opponent's desperation, and the unpredictability inherent in football all come into play.
စိတ်အားထက်သန်မှု၊ နောင်လာမယ့်ပွဲစဉ်များ၊ အဓိက ကစားသမားများ မပါဝင်နိုင်ခြင်း၊ ပြိုင်ဘက်ရဲ့ အသည်းအသန် ကြိုးစားမှု နဲ့ ဘောလုံးပွဲမှာ မွေးရာပါ ခန့်မှန်းမရနိုင်တဲ့ သဘောသဘာဝတွေအားလုံးဟာ ပွဲစဉ်ရဲ့ အခြေအနေမှာ ပါဝင်ပတ်သက်နေပါတယ်။
Fans often perceive these occurrences as crazy, but once they see these angles it all makes sense and it is totally normal.
ပရိသတ်တွေက ဒီလို ဖြစ်ရပ်မျိုးတွေကို မယုံနိုင်စရာ လို့ မကြာခဏ မြင်ကြပေမဲ့ သူတို့ ဒီလို ရှုထောင့်တွေကို မြင်လိုက်တာနဲ့ အားလုံးဟာ ရှင်းလင်းသွားပြီး သဘာဝကျပါတယ်။
A team can dominate the match for 90 minutes and then one lapse, a motivated underdog, or a moment of luck can change the whole game.
အသင်းတစ်သင်းဟာ မိနစ် ၉၀ လုံး ပွဲကို အကောင်းဆုံးကစားနိုင်ပေမဲ့ အမှားအယွင်း တစ်ချက်၊ စိတ်အားထက်သန်နေတဲ့ အသင်းငယ်တစ်သင်း၊ ဒါမှမဟုတ် တစ်စက္ကန့်တာကံကောင်းမှုကြောင့် ပွဲစဉ်တစ်ခုလုံးကို ပြောင်းလဲပစ် နိုင်ပါတယ်။
Accepting this reality allows fans to appreciate no matter the outcome is.
ဒီလို လက်တွေ့အခြေအနေကို လက်ခံလိုက်တာက ပရိသတ်တွေကို ဘယ်လိုရလဒ်ပဲ ဖြစ်လာပါစေ တန်ဖိုးထားတတ်စေပါတယ်။