လောင်းကစားဒိုင်တွေက လောင်းကြေးအချိုးအစား (Odds) တွေကို ဘာလို့ မတူအောင် ပေးကြတာလဲ?

လောင်းကစားဒိုင်နှစ်ခုက ပွဲတစ်ပွဲတည်းအတွက် မတူညီတဲ့ လောင်းကြေးအချိုးအစား (Odds) တွေကို ဘယ်လိုပေးလဲဆိုတာကို သင်တွေးဖူးပါသလား? တစ်ယောက်က ၁.၈၀ ပေးတဲ့အချိန်မှာ နောက်တစ်ယောက်ကကျတော့ ၂.၀၁ ပေးတယ် — ဘာလို့လဲ? ဒီဆောင်းပါးမှာ အားကစား လောင်းကစားပွဲတွေမှာ လောင်းကြေးအချိုးအစား (Odds) တွေက ဘယ်လို ပြောင်းလဲ သွားလဲဆိုတာကို သိရမှာ ဖြစ်ပါတယ်။ လောင်းကြေးအချိုးအစား (Odds) တွေဆိုတာ ရိုးရိုး ဂဏန်းတွေချည်း မဟုတ်ပါဘူး။ အဲဒါတွေဟာ လောင်းကစားမှာ ဖြစ်နိုင်ခြေတွေကို ကိုယ်စားပြုပါတယ်။ အဲဒါတွေကို နားလည်ထားခြင်းက သင့်ကို အားကစား လောင်းကစားပွဲတွေမှာ တခြားသူတွေထက် အနည်းငယ် သာလွန်တဲ့ အခြေအနေကို ရရှိစေနိုင်ပါတယ်။.ဒါဆိုရင် ပွဲတစ်ပွဲအတွက် လောင်းကြေးအချိုးအစား (Odds) တွေကို ဘယ်လို သတ်မှတ်လဲ ဆိုတာနဲ့ စလိုက်ရအောင်။

လောင်းကြေးအချိုးအစား (Odds) တွေ ဘယ်လို အသက်ဝင်လာတာလဲ?

ဒင်္ဂါးပြား တစ်ပြားကို ခေါင်း/ပန်း လှန်နေတယ် လို့ စိတ်ကူးကြည့်ပါ။ ဖြစ်နိုင်တဲ့ ရလဒ် နှစ်ခုတည်းပဲ ရှိပါတယ် : ခေါင်း ဒါမှမဟုတ် ပန်း ပါ။ တစ်ခါလှန်တိုင်းမှာ တစ်ခုစီအတွက် ၅၀ ရာခိုင်နှုန်း (ဒသမကိန်းနဲ့ဆိုရင် ၀.၅) ဖြစ်နိုင်ခြေ ရှိပါတယ်။ အဲ့ဒီ ရာခိုင်နှုန်းကို လောင်းကြေးအချိုးအစား (Odds) အဖြစ် ပြောင်းလဲဖို့အတွက် ရိုးရှင်းတဲ့ ဖော်မြူလာ တစ်ခုကို ကျွန်တော်တို့ သုံးပါတယ်။

လောင်းကြေးအချိုးအစား (Odd) = ၁ / ဖြစ်နိုင်ခြေ

၁ ကို ၀.၅ နဲ့ စားရင် ၂.၀၀ ရပါတယ်။ အဲ့ဒါက မျှတတဲ့ ၅၀-၅၀ ဒင်္ဂါးပြားလှန်တဲ့ အခြေအနေမှာ အမှန်တကယ် လောင်းကြေးအချိုးအစားတွေဟာ ခေါင်းရော ပန်း အတွက်ပါ ၂.၀၀ စီ ဖြစ်နေရမယ်လို့ ဆိုလိုပါတယ်။

ဒါပေမဲ့ ဘောလုံးပွဲကတော့ ရိုးရိုး ဒင်္ဂါးပြားလှန်သလိုမျိုးနဲ့ မတူပါဘူး။.ဘောလုံးပွဲတစ်ပွဲကို ကြိုတင်ခန့်မှန်းနိုင်ဖို့ အတွက် ခန့်မှန်းသူ ဒါမှမဟုတ် လောင်းကစားဒိုင်က အောက်ပါအချက်တွေကို ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါတယ်။

  • အသင်းရဲ့ လက်ရှိကစားပုံ
  • ကစားသမားရဲ့ လက်ရှိစွမ်းဆောင်ရည်
  • နည်းဗျူဟာ
  • ဒဏ်ရာရရှိမှု
  • စိတ်အားထက်သန်မှု
  • ရာသီဥတု
  • ခရီးသွားလာရတဲ့ အကွာအဝေး

ဒီအချက်တွေအားလုံးကို ပေါင်းပြီး တွက်ချက်ရင် ကြိုတင်ခန့်မှန်းထားတဲ့ ရလဒ် ကို ရနိုင်ပေမဲ့ ဘောလုံးပွဲရဲ့ ခန့်မှန်းမရနိုင်တဲ့ သဘောသဘာဝကြောင့် အာမခံချက်တော့ မရှိသေးပါဘူး။ အိမ်ရှင်အနိုင် ရာခိုင်နှုန်း? သရေကျ ရာခိုင်နှုန်း? ဧည့်သည်အနိုင် ရာခိုင်နှုန်း? အဲ့ဒီ ခန့်မှန်းခြေ ရာခိုင်နှုန်း တွေ ရပြီဆိုတာနဲ့ သူတို့ဟာ အပေါ်မှာ ကျွန်တော်တို့ လုပ်ခဲ့သလိုမျိုးပဲ အဲ့ဒါတွေကို လောင်းကြေးအချိုးအစား (Odds) တွေအဖြစ် ပြောင်းလိုက်ကြပါတယ်။ အဲ့ဒါဟာ သဘာဝ ဖြစ်နိုင်ခြေတွေကနေ သင့်ရဲ့ လောင်းကစားမျက်နှာပြင်ပေါ်မှာ မြင်နေရတဲ့ လောင်းကြေးအချိုးအစား (Odds) တွေအဖြစ် ပြောင်းလဲသွားပုံပဲ ဖြစ်ပါတယ်။

လောင်းကစားဒိုင်တွေရဲ့ စီးပွားရေး

ဒင်္ဂါးပြားလှန်တာမှာ လောင်းကြေးအချိုးအစား (Odds) ၂.၀၀ ကို ကျွန်တော်တို့ ရခဲ့ပါတယ်။ ကစားသမားနှစ်ယောက် က အဲဒီ odds တွေနဲ့ ဒီ ဒင်္ဂါးလှန်တဲ့ပွဲကို အကြိမ် ၁၀၀ ကစားတယ်လို့ စိတ်ထဲ မြင်ယောင်ကြည့်ပါ။ ရလဒ်က ခေါင်း ၅၀ နဲ့ ပန်း ၅၀ ပဲ ထွက်လာမှာဖြစ်လို့ ခြုံလိုက်ရင် ဘယ်သူမှ အနိုင်ရမှာ မဟုတ်ပါဘူး။ ဒါဆိုရင် လောင်းကစားဒိုင်တွေက ဘယ်လို အမြတ်ရ ကြတာလဲ?

ကနဦး Odds တွေကို ဖြစ်နိုင်ခြေတွေကနေ ဖန်တီးပြီးတာနဲ့ လောင်းကစားဒိုင်တွေက Margin လို့ခေါ်တဲ့ House Edge လို့လည်း သိကြတဲ့ အထူးအရာတစ်ခုကို ထည့်သွင်းလိုက်ပါတယ်။ ဒါက ဘယ်လို အလုပ်လုပ်လဲဆိုတော့ -

ဥပမာ နှစ်ဖက်စလုံးရဲ့ အမှန်တကယ် လောင်းကြေးအချိုးအစား (Odds) တွေက ၂.၀၀ (ဆိုလိုတာက ၅၀-၅၀ ဖြစ်နိုင်ခြေ) ဖြစ်တယ်ဆိုရင် လောင်းကစားဒိုင်က အဲဒါတွေကို တစ်ဖက်စီမှာ ၁.၉၁ ကို အနည်းငယ် ပြောင်းလဲ သတ်မှတ် လိုက်နိုင်ပါတယ်။ ဒါကြောင့် လောင်းကြေး အကြိမ် ၁၀၀ မှာ သူတို့က ၁၉၁ ပဲ ပြန်ပေး ပြီး သူတို့အတွက် ၉ ကို အမြတ်ယူလိုက်တာပါ။ အဲ့ဒီ သေးငယ်တဲ့ ကွာခြားချက် လေးကပဲ သူတို့ အချိန်ကြာလာတာနဲ့အမျှ အမြတ်ရရှိစေဖို့ အာမခံ ပေးပြီး အဲ့ဒါဟာ သူတို့ရဲ့ စီးပွားရေးပုံစံပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက် က ဒီမှာပါ : လောင်းကစားဒိုင်တိုင်းက အမြတ်ယူတဲ့ ရာခိုင်နှုန်း မတူညီကြပါဘူး။

  • အချို့လောင်းကစားဒိုင်တွေကတော့ အန္တရာယ်ကို လျှော့ချဖို့ အတွက် Margin ပိုများများ သုံးကြပါတယ်။ (ဥပမာ- ရိုးရိုး ကစားသူတွေကို အဓိကထားတဲ့ ဒိုင်တွေလိုမျိုးပေါ့)
  • အချို့ကတော့ လောင်းကြေးကြီးကြီး ထိုးတဲ့သူတွေကို ဆွဲဆောင်ဖို့ အတွက် Margin ကို လျှော့ချ ပြီး သုံးကြပါတယ်။ Margin နည်းတဲ့ အဲ့ဒီ လောင်းကစားဒိုင်တွေကို ထက်မြက်တဲ့ဒိုင် ဒါမှမဟုတ် ပရော်ဖက်ရှင်နယ်ဒိုင် လို့လည်း ခေါ်ပါတယ်။

လောင်းကြေးအချိုးအစား (Odds) တွေ ဘယ်လို ပြောင်းတာလဲ?

Odds တွေက သတ်မှတ်ထားတာ မဟုတ်ပါဘူး။ သူတို့ဟာ စျေးကွက်အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲ နေတာပါ။ လောင်းကြေးပမာဏ များပြားတဲ့ ငွေတွေကို တစ်ဖက်တည်းမှာ အများကြီး လောင်းတဲ့အခါ လောင်းကစားဒိုင်တွေဟာ သူတို့ရဲ့ အန္တရာယ်ကို မျှတအောင် ထိန်းညှိဖို့ အတွက် Odds တွေကို ပြောင်းလဲလိုက်ပါတယ်။ ဥပမာ ပွဲမစခင် အသင်းကြီး နဲ့ အသင်းငယ် တို့ကြားက Odds တွေ အရမ်းကွာခြားနေတာကို သင် မြင်ဖူးပါလိမ့်မယ်။ ၁.၁၅ နဲ့ ၂၅.၀၀ လိုမျိုးပေါ့။ ဒီလိုဖြစ်ရတာက လောင်းကြေးထိုးသူ အများစုက အသင်းကြီး ဘက်မှာပဲ သူတို့ရဲ့ ငွေတွေကို လောင်းကြ လို့ပါ။ ဒါကြောင့် လောင်းကစားဒိုင်တွေက အဲဒီ Odds တွေကို လျှော့ချ လိုက်ရတာပါ။ ဘက်တစ်ဖက်မှာ ပိုက်ဆံ လောင်းကြေးများလေလေ အဲဒီဘက်ရဲ့ Odds က ပိုပြီး လျှော့ကျသွားလေလေ ဖြစ်ပါတယ်။

တစ်ဖက်ကကြည့်ရင် လောင်းကစားဒိုင် တွေကတော့ ပြန်အမ်းငွေ များများရဖို့ စိတ်ဝင်စားနေတဲ့ လောင်းကြေးထိုးသူ တွေကို ဆွဲဆောင်ဖို့ အတွက် အသင်းငယ်ရဲ့ Odds တွေကို တက်ပေး လိုက်ပါတယ်။ အသင်းငယ်က နိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို သူတို့ သိကြပါတယ်။ ဒါပေမဲ့ လောင်းကြေးများများပြပြီး လူတွေကို လောဘစိတ်ဝင်အောင်လုပ်ပြီး လောင်းတဲ့ပမာဏကို မျှအောင် ပြန်ညှိတာပါ။ အသင်းကြီးရဲ့ အဓိက ကစားသမားတွေ မပါဝင်နိုင်ဘူး ဆိုတဲ့ သတင်းမျိုး ထွက်ပေါ်လာတဲ့အခါ လောင်းကြေးထိုးသူတွေ ပိုပြီး ထောက်ခံလောင်းကြ လို့ အသင်းငယ်ရဲ့ Odds တွေကလည်း ကျဆင်း လာပါတယ်။ Odds တွေ ပြောင်းလဲတာကတော့ ဒီလိုပါ။ အင်အားတူတဲ့ အသင်းတွေ အတွက်ကျတော့ Odds တွေဟာ တစ်ခုနဲ့တစ်ခု အရမ်း နီးစပ်နေတာကို သင် သတိထားမိမှာပါ။

အချိန်ကာလ နဲ့ စျေးကွက်ယှဉ်ပြိုင်မှု

လောင်းကစားဒိုင်တွေက တစ်ဦးတည်း သီးခြား ရပ်တည်ပြီး လုပ်တာမျိုး ဘယ်တော့မှ မရှိပါဘူး။ လောင်းကစားဒိုင်တိုင်းက ပြိုင်ဘက်တွေ ပေးထားတဲ့ Odds တွေနဲ့ စျေးကွက်အခြေအနေကို အခါအားလျော်စွာ ဒါမှမဟုတ် အမြဲတမ်းလိုလို စောင့်ကြည့်နေ ပါတယ်။ လောင်းကစားဒိုင်တစ်ခုက ပွဲရလဒ် တစ်ခုအတွက် Odds ကို အနည်းငယ် မြှင့်ပေးလိုက်ရင် တခြား ဒိုင်တွေကလည်း ယှဉ်ပြိုင်နိုင်ဖို့ နဲ့ လောင်းကြေးထိုးသူတွေကို ဆွဲဆောင်ဖို့ အတွက် သူတို့ရဲ့ Odds တွေကို ပြောင်းလိုက်ကြပါတယ်။ ဒါဟာ လောင်းကြေးထိုးသူတွေက ပိုက်ဆံမထည့်ခင် Site အမျိုးမျိုးကို နှိုင်းယှဉ်ကြည့်တတ်ကြတဲ့ နာမည်ကြီးပွဲစဉ်တွေအတွက် အရမ်း အရေးကြီး ပါတယ်။ လောင်းကစားဒိုင်တွေဟာ သူတို့ကိုယ်သူတို့ အန္တရာယ် မကျရောက်စေဘဲ ဆွဲဆောင်မှုရှိနေစေဖို့အတွက် ပြိုင်ဘက်တွေရဲ့ လှုပ်ရှားမှုအပေါ် မူတည်ပြီး တစ်ခါတစ်ရံ တစ်နေ့တာလုံး အကြိမ်ပေါင်းများစွာ Odds တွေကို အဆက်မပြတ် ပြောင်းလဲနေကြပါတယ်။

အစစ်အမှန် အခြေအနေ

အထက်မှာ ပြောခဲ့တဲ့ အကြောင်းအရင်းတွေကြောင့် Odds တွေဟာ လောင်းကစားဒိုင်တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် -

  • လောင်းကစားဒိုင်တွေက မတူညီတဲ့ Odds တွေ ပေးကြတဲ့ ပထမဆုံး အကြောင်းအရင်း က သူတို့ရဲ့ စီးပွားရေးပုံစံပဲ ဖြစ်ပါတယ်။ တချို့က Margin များများပေးပြီး တချို့ကတော့ Margin နည်းနည်းပဲ ပေးပါတယ်။
  • ဒုတိယ အကြောင်းအရင်းကတော့ Odds တွေဟာ လောင်းကစားဒိုင်တစ်ခုချင်းစီရဲ့ ကိုယ်ပိုင် ခန့်မှန်းချက် ကို ရိုးရိုးရှင်းရှင်း ပြတာပါ။ လောင်းကစားဒိုင်တချို့က တစ်ဖက်ကို ပိုပြီး အသာပေးနိုင် ပါတယ်။ ပွဲရလဒ် အတိအကျကို အားလုံး သဘောတူညီမှု မရှိမချင်း Odds တွေဟာ တူနိုင်မှာ မဟုတ်ပါဘူး။
  • တတိယ အကြောင်းအရင်းကတော့ Odds ပြောင်းလဲမှု ပါပဲ။ လောင်းကစားဒိုင်တချို့က သတင်းအချက်အလက် အသစ် ထွက်ပေါ်လာတာနဲ့ ချက်ချင်း ပြောင်းလဲ ပစ်ပေမယ့် တခြားဒိုင်တွေကတော့ ခွင့်ပြုချက်ကို စောင့်ပြီးမှ နောက်မှ ချိန်ညှိ ကြပါတယ်။
  • နောက်ဆုံး အကြောင်းအရင်းကတော့ အချိန် နဲ့ စျေးကွက် ယှဉ်ပြိုင်မှု ပါပဲ။ လောင်းကစားဒိုင်တွေဟာ လောင်းကြေးထိုးသူတွေကို ဆွဲဆောင်ဖို့ အတွက် Odds တွေကို အနည်းငယ် ပြောင်းလဲ ပေးတတ်ပါတယ်။