1. ကံတရားနဲ့ကိန်းဂဏန်း
လောကမှာ ခိုင်မာတဲ့ အဆောက်အအုံ ဒါမှမဟုတ် စနစ်တစ်ခုကို တည်ဆောက်ထားသူတွေရဲ့ အဓိက လျှို့ဝှက်ချက်ကတော့ Information Control လို့ခေါ်တဲ့ အချက်အလက်ကိုထိန်းချုပ်ခြင်း ပေါ်မှာပဲ အခြေခံပါတယ်။ စနစ်တစ်ခုအတွင်းမှာရှိတဲ့ လူတွေက အလုပ်လုပ်ပုံ အသေးစိတ်ကို နားမလည်လေလေ၊ အဲ့ဒီစနစ်ကို စီမံခန့်ခွဲသူတွေအတွက် ပိုပြီး အကျိုးအမြတ်ရှိလေလေပါပဲ။ ပြောင်းလဲမှုကို မလိုလားတဲ့ ဘယ်စီမံခန့်ခွဲမှုမျိုးမဆို အမှန်တရားကို ပွင့်လင်းမြင်သာအောင် ထုတ်ပြလေ့ မရှိကြပါဘူး။
Casino လောကမှာလည်း ဒီသဘောတရားအတိုင်းပါပဲ။ Slot စက်တွေရဲ့ ရှေ့မှာ သင်ထိုင်နေတဲ့အချိန်မှာ သင်မြင်တွေ့နေရတဲ့ ဆွဲဆောင်မှုရှိတဲ့ အလင်းရောင်တွေနဲ့ အောင်ပွဲခံသံတွေဟာ Casino တွေက သင့်ကို မြင်စေချင်တဲ့ အရာတွေသာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ အပြင်ပန်း လှည့်စားမှုတွေရဲ့ နောက်ကွယ်မှာတော့ သင့်ကို မသိစေချင်တဲ့၊ သင့်ရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးထားတဲ့ စနစ်တကျ ရေးဆွဲထားတဲ့ ဗျူဟာတွေ ရှိနေပါတယ်။
ဒီနေ့မှာတော့ Casino တွေက သူတို့ရဲ့ အမြတ်အစွန်းတွေကို ကာကွယ်ဖို့အတွက် သင့်ကို ဖုံးကွယ်ထားလေ့ရှိတဲ့ ဒါပေမဲ့ Slot ကစားသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အခြေခံအချက် (၃) ချက်ကို ကျွန်တော်တို့ ခွဲခြမ်းစိတ်ဖြာ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို သိနားလည်သွားတဲ့အခါ သင်ဟာ စနစ်တစ်ခုရဲ့ ထိန်းချုပ်မှုအောက်က ကစားသမားတစ်ယောက် မဟုတ်တော့ဘဲ၊ အချက်အလက်ကို အခြေခံပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့ Professional တစ်ယောက် ဖြစ်လာပါလိမ့်မယ်။"
2. လျှို့ဝှက်ချက် (၁) - စနစ်တကျ စီမံခန့်ခွဲမှုမရှိသော ငွေကြေးအသုံးပြုမှု (The Bankroll Trap)
Casino တွေရဲ့ အဓိက အောင်မြင်မှုက သင်ဘယ်လောက်နိုင်သွားလဲဆိုတာထက် သင့်ဆီမှာ ကျန်နေသေးတဲ့ ငွေတွေကို ဘယ်လိုနည်းနဲ့မဆို စက်ထဲပြန်ထည့်လာအောင် ဆွဲဆောင်နိုင်ခြင်းအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ ကစားသမား အများစုဟာ သူတို့မှာရှိတဲ့ ငွေပမာဏ (Bankroll) ကို အပိုင်းအခြားမရှိ တစ်ဆက်တည်း ကစားတတ်ကြပါတယ်။ အဲ့ဒီအခါ RTP ရဲ့ သင်္ချာနည်းကျ အလုပ်လုပ်ပုံအရ ရေရှည်မှာ Casino က သင့်ငွေအားလုံးကို တဖြည်းဖြည်းချင်း ဝါးမြိုသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီထောင်ချောက်ကို ထိန်းချုပ်ဖို့အတွက်နည်းလမ်းရှိနေပါတယ်။ အဲ့ဒါကတော့ အပိုင်းအခြားဖြင့် ကစားခြင်း ဖြစ်ပါတယ်။
ဒီစနစ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ဖို့အတွက် Professional တွေ သုံးလေ့ရှိတဲ့ 1/10 Strategy အသုံးပြုရပါမယ်။
- အဆင့် (၁) - ၁၀ ပုံ ပုံခြင်း
သင့်မှာရှိတဲ့ ကစားမည့်ငွေစုစုပေါင်းကို (၁၀) ပုံ တိတိ ပုံလိုက်ပါ။ ဥပမာ - ၁ သိန်း ရှိရင် ၁ သောင်းစီ (၁၀) ပုံ ခွဲလိုက်တာမျိုးပါ။
- အဆင့် (၂) - ပစ်မှတ်သတ်မှတ်ခြင်း
တစ်ခါကစားရင် အဲ့ဒီ ၁ ပုံ (၁ သောင်း) နဲ့ပဲ စကစားပါ။ အကယ်၍ အဲ့ဒီငွေဟာ ၂ ဆ (၂ သောင်း) ဖြစ်သွားခဲ့ရင် ချက်ချင်း အနိုင်ပိုင်းပြီး ထရပ်လိုက်ပါ။
- အဆင့် (၃) - အရှုံးကို လက်ခံခြင်း
အကယ်၍ အဲ့ဒီ ၁ ပုံ (၁ သောင်း) ရှုံးသွားခဲ့ရင် အရှုံးကို လက်ခံပြီး အဲ့ဒီနေ့အတွက် သို့မဟုတ် အဲ့ဒီ Session အတွက် ကစားခြင်းကို ရပ်တန့်လိုက်ပါ။
ပြောရတာလွယ်ပါတယ်။ လိုက်လုပ်ဖို့တော့ခက်ပါတယ်။ ဒါပေမယ့် သင်သိထားရမှာက ဘယ် Casino မဆို သင့်ရဲ့ စိတ်ခံစားချက်အပေါ်မူတည်ပြီး ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်တွေကနေ အကျိုးအမြတ်ရယူတယ်ဆိုတာပါ။ ဒီနည်းလမ်းဟာ Casino တွေ အကြောက်ဆုံးဖြစ်တဲ့ ငွေကိုကောင်းစွာထိန်းချုပ်ခြင်းကို အခြေခံထားတာပါ။ သင်ဟာ ၂ ဆ ရတာနဲ့ ထပြန်သွားမယ်ဆိုရင် Casino အတွက် သင့်ဆီကနေ ငွေပြန်နှိုက်ဖို့ အခွင့်အရေး မရှိတော့ပါဘူး။ အလားတူပဲ ၁ ပုံ ရှုံးရုံနဲ့ ရပ်လိုက်ခြင်းကလည်း သင့်ကို ငွေကုန်လူပန်းဖြစ်စေမယ့် အရှုံးနောက်လိုက်ခြင်း အခြေအနေကနေ ကာကွယ်ပေး ထားပါတယ်။
3. လျှို့ဝှက်ချက် (၂) - Hot Spin အယူအဆမှား
Slot ကစားသူအများစုမှာ လွဲမှားတဲ့ အယူအဆတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ "ဒီစက်က မပေါက်တာ ကြာပြီ၊ အခုဆိုရင်တော့ ပေါက်ဖို့ အချိန်တန်ပြီ” ဒါမှမဟုတ် "ဒီစက်က အခုလေးတင် ပေါက်ထားတာ၊ ခဏနေမှ ဆက်လှည့်မယ်" ဆိုတဲ့ အတွေးမျိုးပါ။ ဒီအတွေးဟာ ကစားသမားတွေကို စက်တစ်လုံးတည်းမှာပဲ ငွေကုန်မှန်းမသိဘဲ နာရီပေါင်းများစွာ ထိုင်နေအောင် တွန်းပို့လေ့ရှိပါတယ်။
တကယ်တော့ Slot စက်တွေရဲ့ နောက်ကွယ်မှာ RNG (Random Number Generator) လို့ခေါ်တဲ့ စနစ်တစ်ခုက စက္ကန့်နဲ့အမျှ ကိန်းဂဏန်းတွေကို ကျပန်း ထုတ်ပေးနေတာပါ။
2.1 Independent Spin
Slot စက်ရဲ့ လည်ပတ်မှုတိုင်းဟာ တစ်ခုနဲ့တစ်ခု လုံးဝ သီးခြားစီ ဖြစ်ပါတယ်။ အခုလက်ရှိ လှည့်လိုက်တဲ့ Spin ရဲ့ ရလဒ်ဟာ ပြီးခဲ့တဲ့အကြိမ်က ရလဒ်အပေါ်မှာ မူတည်ခြင်း မရှိသလို နောက်လာမယ့် အလှည့်အတွက်လည်း ဘာမှ ကြိုတင် မသတ်မှတ်ထားပါဘူး။ သင် သိထားရမည့် အမှန်တရားတစ်ခုကတော့ သင် "Spin" ခလုတ်ကို နှိပ်လိုက်တဲ့ စက္ကန့်အပိုင်းအခြားမှာတင် သင့်အတွက် အဖြေကို စနစ်က ထုတ်ပေးပြီးသား ဖြစ်ပါတယ်။ စက်က ရုပ်ရှင်ပြသလို လည်နေတာက သင့်ကို ရင်ခုန်အောင် ဆွဲဆောင်နေတဲ့ "Visual Effect" တစ်ခုသာ ဖြစ်ပါတယ်။ ဟုတ်လို့လားဆိုပြီး တွေးကောင်းတွေးမိပါလိမ့်မယ်။ ဆက်ကြည့်လိုက်ရအောင်။
ဒီအချက်တွေက ကစားသမားတွေရဲ့ အတွေးအမြင်တွေကို ပြောင်းလဲပေးပါလိမ့်မယ်။
- စက်မှာ အသိဉာဏ်မရှိပါ
စက်ဟာ အခုတင် Jackpot ပေးထားတာလား၊ ဒါမှမဟုတ် ၁ ပတ်လုံး မပေးသေးတာလားဆိုတာကို မှတ်ထားခြင်း မရှိပါဘူး။ Spin တိုင်းမှာ ပေါက်နိုင်ခြေ (Odds) က အတူတူပဲ ဖြစ်ပါတယ်။
- Hot/Cold ဆိုတာ မရှိပါ
"စက်ပူနေတယ်" (Hot machine) ဆိုတာဟာ ကံကောင်းလို့ ဆက်တိုက်ပေါက်နေတာသာ ဖြစ်ပြီး နောက်တစ်ကြိမ် ထပ်ပေါက်ဖို့ အာမခံချက် မရှိပါဘူး။ ပေါက်တော့မယ် စလော့ကိုရှာပေးမယ့် ပရိုဂရမ်ကို ရောင်းတယ်ဆို အဲ့ဒါ Scam ပါ။
- ခံစားချက်ထောင်ချောက်
"ပေါက်တော့မှာပါ" ဆိုတဲ့ စိတ်အလိုကို မလိုက်ပါနဲ့။ သင့်ရဲ့ ငွေအရင်းအနှီးကုန်သွားရင် စက်က ပေါက်တော့မယ်လို့ ထင်နေပါစေဦးတော့... ချက်ချင်း ရပ်တန့်နိုင်ရပါမယ်
ဒါဆို နံပါတ်(၃)အချက်ကို ဆက်ကြည့်ကြပါမယ်။
4. လျှို့ဝှက်ချက် (၃) - နောက်ကျကျန်ခဲ့မှာကြောက်တဲ့စိတ်နှင့် လူမှုကွန်ရက်ပေါ်မှ အောင်ပွဲအတုများ
ယနေ့ခေတ်မှာ တစ်ချို့ Casino တွေနဲ့ Slot Agent တွေဟာ Social Media ကို အသုံးချပြီး "သူတစ်ပါးရဲ့ အောင်မြင်မှု" တွေကို သင့်မျက်စိရှေ့မှာ အမြဲရှိနေအောင် ဖန်တီးထားပါတယ်။ Facebook Group တွေ၊ Telegram Channel တွေမှာ နေ့တိုင်းမြင်နေရတဲ့ သိန်းရာချီ Jackpot ပေါက်တာတွေ၊ ငွေထုတ်ပြနေတဲ့ ပုံရိပ်တွေဟာ သင့်ကို "သူများနိုင်ရင် ငါလည်းနိုင်ရမယ်။ နိုင်မှာပဲ" ဆိုတဲ့ FOMO (Fear Of Missing Out) စိတ်ကို ဖြစ်ပေါ်စေပါတယ်။
သင်မြင်နေရတဲ့ အောင်ပွဲပုံရိပ် ၁ ခုရဲ့ နောက်ကွယ်မှာ မဖော်ပြထားတဲ့ အရှုံးပေါင်း သောင်းခြောက်ထောင်မက ရှိနေနိုင်တယ်ဆိုတာကို Casino တွေက ဘယ်တော့မှ အသိပေးမှာ မဟုတ်ပါဘူး။ Casino တွေရဲ့ Marketing Team က ဘယ်လို Psychology တွေသုံးပြီး ကစားသမားတွေကို ဆွဲဆောင်နေကြလဲဆိုတော့-
- Selective Marketing
Casino တွေဟာ Selective Marketing လို့ခေါ်တဲ့ အနိုင်ရလဒ်တွေကိုသာ ချပြပြီး အရှုံးတွေကို ဖုံးကွယ်ထားတဲ့ "ရွေးချယ်ပြသခြင်း" ဗျူဟာကို အသုံးပြုလေ့ရှိပါတယ်။
- Psychological Pressure
သူငယ်ချင်း ဒါမှမဟုတ် အသိတစ်ယောက်က နိုင်သွားတာကို မြင်တဲ့အခါ သင့်ဦးနှောက်က "ငါလည်း ရသင့်တယ်" ဆိုတဲ့ ဆန္ဒကို လောဘနဲ့ ရောထွေးပြီး ထုတ်ပေးလိုက်ပါတယ်။ ဒါဟာ အချက်အလက်မပါဘဲ မျက်လုံးမှိတ် လမ်းလျှောက်ဖို့ ပြင်လိုက်တာပါပဲ။
ဒါတွေပြောနေလို့ Casino တွေက မမျှတဘူးလို့မထင်ပါနဲ့။ အမှန်တကယ်တော့ စနစ်တကျနဲ့ မျှတအောင် လုပ်ထားတာပါ။ နိုင်တာတွေပဲ ရွေးပြလို့ ဘယ်သူမှ သူတို့ကို အပြစ်တင်လို့မရပါဘူး။ သူများကို ယုံပြီး ရေထဲဆင်းတဲ့သင်ကမှ တကယ်အပြစ်တင်ခံရမယ့်သူပါ။ အဲ့လိုမဖြစ်အောင်လို့ အောက်မှာ ဘယ်လိုရှောင်ရမလဲ ဆိုတာကို ဆက်လက်ဖော်ပြထားပါတယ်-
- RTP ကိုသာ အခြေခံပါ
သူများနိုင်တဲ့စလော့ဂိမ်း လိုက်ကစားတာထက် မိမိကိုယ်တိုင် RTP (Return to Player) မြင့်တဲ့စလော့တွေကို ရှာဖွေရွေးချယ်ပါ။ ဒါဟာ ကံတရားထက် သင်္ချာနည်းလမ်းတကျ အခွင့်အလမ်းကို ယုံကြည်တာ ဖြစ်ပါတယ်။ RTP မြင့်လေ အနိုင်ရလေဖြစ်တဲ့အတွက် RTP 95% အထက်ရှိတဲ့ စလော့တွေကိုသာ ကစားပါ
- Demo Mode ဖြင့် စမ်းသပ်ပါ
ငွေအစစ်နဲ့ မကစားခင် စက်ရဲ့ Volatility (အနည်းအများ) ကို သိဖို့ Demo ဗျူဟာကို သုံးပါ။ စက်ရဲ့ အလုပ်လုပ်ပုံကို အရင်နားလည်အောင် လုပ်ပါ။ မကြာခနပေးသလား။ တစ်ခါတည်း အချီကြီးပေးသလား လေ့လာပါ။
- မျက်လုံးမှိတ် လမ်းမလျှောက်ပါနဲ့
သူများညွှန်းတိုင်း လိုက်ကစားခြင်းဟာ ချောက်ထဲကျဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ ကိုယ့်ရဲ့ Bankroll နဲ့ ကိုယ့်ရဲ့ Target ကိုပဲ အာရုံစိုက်ပါ။ သူများခင်းပေးတဲ့ လမ်းကြောင်းအတိုင်း လိုက်သွားပြီး ချောက်ထဲကျမလား? ဒါမှမဟုတ် အချက်အလက်နဲ့ စနစ်ကို အသုံးချပြီး အပေါ်ကို တက်မလား? ဆိုတာ သင့်ရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။
5. ခံစားချက်များကို အနိုင်ယူခြင်း
နိဂုံးချုပ်အနေနဲ့ ပြောရရင် Casino လောကဆိုတာ ကျပန်းဖြစ်ရပ်တွေထက် တိကျတဲ့ သင်္ချာကိန်းဂဏန်းတွေနဲ့ စနစ်တကျ တည်ဆောက်ထားတဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ အထက်မှာ ဆွေးနွေးခဲ့တဲ့ ငွေကြေးစီမံခန့်ခွဲမှု ၊ စက်တွေရဲ့ အမှန်တကယ် အလုပ်လုပ်ပုံ နဲ့ စိတ်ပညာအရ လှည့်စားမှု ဆိုတဲ့ အချက်တွေဟာ Casino တွေက သင့်ကို အသိမပေးချင်ဆုံး အမှန်တရားတွေပါပဲ။
ဒီအချက်တွေကို သင်သိသွားပြီဆိုရင် သင်ဟာ အရင်ကလို အပေါ်ယံဆွဲဆောင်မှုတွေနောက်ကို မျက်လုံးမှိတ်လိုက်ပါမယ့် ကစားသမားတစ်ယောက် မဟုတ်တော့ပါဘူး။ စနစ်တစ်ခုရဲ့ အလုပ်လုပ်ပုံကို နားလည်ပြီး မိမိရဲ့ ဆုံးဖြတ်ချက်ကို မိမိကိုယ်တိုင် ထိန်းချုပ်နိုင်တဲ့ Professional Player တစ်ယောက်အဖြစ် ခြေလှမ်းစတင်လိုက်ပြီ ဖြစ်ပါတယ်။
သတိရရမှာက Slot ကစားခြင်းဟာ စနစ်တကျ ထိန်းချုပ်နိုင်ရင် ဖျော်ဖြေရေးတစ်ခု ဖြစ်နိုင်ပေမဲ့ စနစ်ရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရရင်တော့ သင့်ရဲ့ ဘဝကို ထိခိုက်စေနိုင်တဲ့ ထောင်ချောက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အမြဲတမ်း 'သတိ' ကို လက်နက်သဖွယ် ဆုပ်ကိုင်ပြီး ကစားကြဖို့ တိုက်တွန်းလိုပါတယ်။