1. Roulette သို့မဟုတ် သင်္ချာကစားပွဲတစ်ခု
Roulette ကို လူအများစုက ကံတရားအပေါ်မူတည်တဲ့ ကစားပွဲတစ်ခုလို့သာမြင်လေ့ရှိကြပါတယ်။ တကယ်တမ်း မှာတော့ Spin တိုင်းက ဘယ်တော့မှမပြောင်းလဲတဲ့ သင်္ချာစည်းမျဉ်းတွေအတိုင်းသာ ဖြစ်ပေါ်တာဖြစ်ပါတယ်။ ဂဏန်းနံပါတ်တွေ၊ အရောင်တွေနဲ့ မတူညီတဲ့လောင်းနည်းတိုင်းမှာ တိကျစွာတွက်ချက်လို့ရတဲ့ ဖြစ်နိုင်ချေတွေရှိနေပြီး ဒါတွေကပဲရလဒ်ကို အဓိကအဆုံးအဖြတ်ပေးသွားတာ ဖြစ်ပါတယ်။
ဒီနေ့ သင်နဲ့ကျွန်တော် အတူတကွ လေ့လာသွားမယ့် အကြောင်းအရာတွေကတော့ -
- Roulette စက်ဝိုင်းတစ်ခု ဘယ်လိုဖွဲ့စည်းထားသလဲ
- ဒိုင်စားလို့ရအောင် ဘယ်လိုအသာစီးယူထားလဲ
- ဘယ်လိုမျိုးတွေလောင်းလို့ရလဲ
- နောက်ပြီး Roulette System တစ်ခုရဲ့ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။
သင်္ချာဆိုင်ရာတွက်ချက်မှုတွေက သင့်ကိုအမြဲတမ်းအနိုင်ရစေမှာ မဟုတ်ပေမယ့် စနစ်တစ်ခုကိုနားလည်ထားတဲ့အတွက် ဂိမ်းအပေါ် ထိန်းချုပ်နိုင်စွမ်းကိုပေးမှာဖြစ်ပါတယ်။ ဒါဆိုစလိုက်ရအောင်
2. Roulette အမျိုးအစား (၂) ခု - European နှင့် American
ကျွန်တော်တို့ ဖြစ်နိုင်ချေတွေ နံပါတ်တွေအကြောင်းမပြောခင်မှာ ပထမဆုံး ဘယ်လို Roulette အမျိုးအစားကို ကစားနေလဲဆိုတာကို သိဖို့လိုပါတယ်။ ဒီအချက်က သင့်ကစားပွဲတွေအပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ Roulette အမျိုးအစား (၂)ခုကတော့ European Roulette နဲ့ American Roulette တို့ပဲဖြစ်ပါတယ်။
European Roulette မှာ (၀)ကနေ(၃၆)ထိ အကွက်ပေါင်း (၃၇) ကွက်ရှိပြီး သုညတစ်လုံး (၀) သာ ပါဝင်ပါတယ်။ American Roulette ကတော့အကွက်ပေါင်း (၃၈) ကွက်ရှိပြီး သုည (၀) အပြင် Double Zero (၀၀) ဆိုတဲ့ အပိုတစ်ကွက် ထပ်တိုးလာပါတယ်။ ဒီအပိုသုည (00) တစ်ကွက်တည်းကပဲ အနိုင်ရနိုင်ခြေကို လျော့ကျစေပြီး ဒိုင်ရဲ့ အသာစီးရမှုကို နှစ်ဆနီးပါး မြင့်တက်သွားစေပါတယ်။
၃။ House Edge ကို နားလည်ခြင်း
Casino တစ်ခုရဲ့ ရေရှည်အမြတ်အစွန်းကို House Edge လို့ခေါ်တဲ့ ဒိုင်အသာစီးရမှုနဲ့ တိုင်းတာပါတယ်။ ဒါဟာ သင်လောင်းလိုက်တဲ့ ပမာဏပေါ်မှာ Casino က ပျမ်းမျှအားဖြင့် ဘယ်လောက်ပြန်ယူသွားမလဲဆိုတဲ့ သင်္ချာကိန်းဂဏန်းပဲ ဖြစ်ပါတယ်။
ခန့်မှန်းတန်ဖိုးအရ နှိုင်းယှဉ်ကြည့်ရင် -
European Roulette မှာ House Edge က ၂.၇% သာရှိပါတယ်။ ဆိုလိုတာက လောင်းကြေး ၁၀၀၀ မှာ Casino က ၂၇ ကျပ် ပျမ်းမျှအနိုင်ရပါတယ်။ American Roulette မှာဆိုရင်တော့ (၀၀) ပါဝင်းလာတဲ့အတွက် House Edge က ၅.၂၆% အထိ ခုန်တက်သွားပါတယ်။ ဆိုလိုတာက သင့်တစ်လှည့်စီတိုင်းအတွက် ၁၀၀၀ လောင်းလိုက်တိုင်းမှာ ဒိုင်က ၅၃ ကျပ် အော်တိုနိုင်သွားပါတယ်။ သင်နိုင်တာရှုံးတာအပေါ်ကနေ သူအမြတ်ယူသလို House Edge ကနေလဲ သူ့အတွက် ကျန်အောင်လုပ်ပါတယ်။ ဒီကွာဟချက်ကြောင့်ပဲ သင်နဲ့ကျွန်တော်အတွက် European Roulette မှာ ကစားခြင်းက သင်္ချာအရ ပိုမိုအားသာချက် ရှိစေတာပါ။
၄။ လောင်းကြေးအမျိုးအစားများနှင့် လျော်ကြေးစနစ်
Roulette မှာ လောင်းကြေးကို နေရာချပုံပေါ်မူတည်ပြီး အဓိက အမျိုးအစား (၂) ခု ခွဲခြားထားပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့သတိပြုရမှာက လောင်းကွက်တစ်ခုချင်းစီရဲ့ Risk နဲ့ Reward ဟာ သင်္ချာအရ တိတိကျကျ တွက်ချက်ထားတာ ဖြစ်ပါတယ်။
Inside Bets (ဂဏန်းကွက်များပေါ်တွင် လောင်းခြင်း)
- Straight Up လို့ခေါ်တဲ့ဂဏန်းတစ်လုံးတည်းကို လောင်းခြင်း (လျော်ကြေး ၃၅ ဆ)။
- Split လို့ခေါ်တဲ့ ဂဏန်းနှစ်လုံးကြား မြဉ်းပေါ်တွင် လောင်းခြင်း (လျော်ကြေး ၁၇ ဆ)။
- Street လို့ခေါ်တဲ့ ဂဏန်းသုံးလုံးပါသော အတန်းလိုက်လောင်းခြင်း (လျော်ကြေး ၁၁ ဆ)။
- Corner (Square) လို့ခေါ်တဲ့ ဂဏန်းလေးလုံးဆုံရာ အလယ်ဗဟိုတွင် လောင်းခြင်း (လျော်ကြေး ၈ ဆ)။
- Six Line (Double Street) လို့ခေါ်တဲ့ အတန်းနှစ်တန်း (ဂဏန်း ၆ လုံး) ကို လောင်းခြင်း (လျော်ကြေး ၅ ဆ)။
Outside Bets (ဂဏန်းအပြင်ဘက် အကွက်များတွင် လောင်းခြင်း)
- Red/Black, Even/Odd, 1-18/19-36လို့ခေါ်တဲ့ အနိုင်ရပါက ၁ ဆ။
- Column & Dozenလို့ခေါ်တဲ့ ဂဏန်း (၁၂) လုံးစီ ပါဝင်သော အုပ်စုကြီးများဖြစ်ပြီး ၂ ဆ။
၅။ လောင်းနည်းအားလုံး၏ အနိုင်ရနိုင်ခြေ
European Roulette (37 Pockets) အပေါ် အခြေခံထားတဲ့ အနိုင်ရနိုင်ခြေ Percentage တွေဖြစ်ပါတယ်။
| လောင်းနည်းအမျိုးအစား | လျော်ကြေး | အနိုင်ရနိုင်ခြေ |
| Straight Up | 35 to 1 | 2.7% |
| Split | 17 to 1 | 5.4% |
| Street | 11 to 1 | 8.1% |
| Corner | 8 to 1 | 10.8% |
| Six Line | 5 to 1 | 16.2% |
| Column / Dozen | 2 to 1 | 32.4% |
| Even Money (Red/Black) | 1 to 1 | 48.6% |
၆။ Martingale System
Roulette လောကမှာ အကျော်ကြားဆုံးနဲ့ သင်္ချာအရ အခြေအမြစ်အရှိဆုံးလို့ ယူဆရတဲ့ ဗျူဟာကတော့ Martingale System ပဲ ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ "တစ်ကြိမ်နိုင်ရုံနဲ့ အရင်ရှုံးသမျှ အားလုံးကို အရင်းပြန်ရပြီး အမြတ်ပါ ထွက်စေဖို့" ဖြစ်ပါတယ်။
Martingale ကို ဘယ်လို အသုံးချမလဲ?
ဒီစနစ်ကို အနိုင်ရနိုင်ခြေ ၅၀% နီးပါးရှိတဲ့ (အနီ/အနက်၊ စုံ/မ) စတဲ့ Even Money Bets တွေမှာ အဓိက အသုံးပြုပါတယ်။ လုပ်ဆောင်ပုံကတော့ ရိုးရှင်းပါတယ် -
- အနည်းဆုံး လောင်းကြေးပမာဏ (ဥပမာ - ၅၀၀ ကျပ်) နဲ့ စတင်ပါ။
- အကယ်၍ ရှုံးသွားခဲ့ရင် နောက်တစ်ကြိမ်မှာ လောင်းကြေးကို နှစ်ဆ (၁၀၀၀ ကျပ်) မြှင့်လိုက်ပါ။
- ထပ်ရှုံးရင် ထပ်မံနှစ်ဆ (၂၀၀၀ ကျပ်အထိ) မြှင့်ပါ။
- ဘယ်နှစ်ကြိမ် ဆက်တိုက်ရှုံးပါစေ၊ တစ်ကြိမ်နိုင်လိုက်တာနဲ့ သင်ရှုံးထားသမျှ အရင်းအားလုံး ပြန်ရမယ့်အပြင် မူလလောင်းကြေး (၅၀၀ ကျပ်) ကိုပါ အမြတ်အနေနဲ့ ရရှိမှာ ဖြစ်ပါတယ်။
သင်္ချာသီအိုရီအရတော့ လူတစ်ယောက်ဟာ အကြိမ်ပေါင်းအဆုံးမရှိ(အမြဲတမ်း) အထိ ဆက်တိုက်ရှုံးဖို့ မဖြစ်နိုင်တဲ့အတွက် အချိန်တစ်ခုမှာတော့ မုချနိုင်မှာဖြစ်လို့ ဒါဟာ "မရှုံးနိုင်တဲ့ စနစ်" လို့ ထင်ရပါတယ်။ သို့သော်ငြားလည်း လက်တွေ့မှာ ထင်သလောက် လွယ်ကူရိုးရှင်းမနေပါဘူး။ ဒီစနစ်ဟာ စာအုပ်ပေါ်မှာ အပြစ်ပြောစရာမရှိပေမယ့် လက်တွေ့ကစားပွဲမှာတော့ အချက် (၂) ချက်ကြောင့် အာမခံချက် မရှိနိုင်ပါဘူး -
- Table Limits လို့ခေါ်တဲ့ ဝိုင်းရဲ့ အများဆုံးလောင်းနိုင်တဲ့ ပမာဏ ကန့်သတ်ချက်ကြောင့် လောင်းကြေးကို ထပ်မံနှစ်ဆမတိုးနိုင်တော့တဲ့ အခြေအနေမျိုး ကြုံရနိုင်ပါတယ်။
- Bankroll Limits လို့ခေါ်တဲ့ ဆက်တိုက်ရှုံးနေတဲ့အခါ လောင်းကြေးက အဆမတန် မြန်မြန်ဆန်ဆန် ကြီးမားလာပြီး သင့်လက်ထဲက ငွေကုန်သွားနိုင်ပါတယ်။
ဒါပေမဲ့ တည်ငြိမ်တဲ့ စိတ်ဓာတ်နဲ့ ငွေကြေးစီမံခန့်ခွဲမှုကိုသာ စနစ်တကျ ပေါင်းစပ်နိုင်မယ်ဆိုရင် Martingale ဟာ Roulette ကစားပွဲတွေမှာ အသုံးပြုလို့ရတဲ့ အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံး (Safe) ဖြစ်တဲ့ ကစားနည်းတစ်ခု အဖြစ် ယနေ့တိုင် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
၇။ သင်္ချာက သင့်ကို ဘာတွေ ကူညီနိုင်သလဲ?
သင်္ချာဟာ Rouletteမှာ မှော်အတတ် မဟုတ်သလို အမြတ်ကိုလည်း အာမမခံနိုင်ပါဘူး။ ဒါပေမဲ့ သင်္ချာက သင့်ကို အောက်ပါအချက်တွေမှာ ကူညီပေးနိုင်ပါတယ်-
- မိမိလောင်းလိုက်တဲ့ အကွက်ရဲ့ အန္တရာယ်ကို တိကျစွာသိရှိခြင်း။
- ဆုံးရှုံးနိုင်ခြေအနည်းဆုံးဖြစ်တဲ့ အကွက်နဲ့လောင်းကြေးကို ရွေးချယ်နိုင်ခြင်း။
- အနိုင်အရှုံးကို စိတ်ခံစားချက်ထက် ကိန်းဂဏန်းနဲ့ ထိန်းချုပ်နိုင်ခြင်း။
၈။ ပိုမိုကောင်းမွန်စွာ ကစားခြင်း
သင်္ချာကို နားလည်ထားခြင်းက သင့်ကို "အမြဲနိုင်တဲ့သူ" ဖြစ်မလာစေနိုင်ပေမဲ့ "အသိပညာရှိတဲ့ ကစားသမား" တစ်ယောက် ဖြစ်လာစေပါတယ်။ အကောင်းဆုံး အကြံပြုချက်ကတော့ European Roulette ကိုသာ ရွေးချယ်ပါ၊ မိမိနိုင်ခြေကို လက်ခံပါ၊ ပြီးတော့ သင်္ချာကပေးတဲ့ ဖြစ်နိုင်ချေတွေကိုသုံးပြီး တာဝန်ယူမှုရှိရှိ ကစားဖို့ပဲ ဖြစ်ပါတယ်။ အနှစ်ချုပ်ရရင် Rouletteဆိုတာ ဖျော်ဖြေရေးတစ်ခုသာဖြစ်ပြီး လုံးဝ ရင်းနှီးမြှုပ်နှံမှုမဟုတ်ပါဘူး။
Bonus
Roulette မှာ အဖြစ်များဆုံး တွက်ချက်မှုဆိုင်ရာ အယူအဆအလွဲတစ်ခုက အနက်ရောင် ၅ ကြိမ် ဆက်တိုက်ထွက်ထားရင် နောက်တစ်ကြိမ်မှာ အနီထွက်ဖို့ ရာခိုင်နှုန်း ပိုများတယ်လို့ ထင်ကြတာပါ။ တကယ်တမ်းမှာတော့ Spin တိုင်းဟာ Independent Events ဖြစ်တဲ့အတွက် ရှေ့က ဘာထွက်ခဲ့တယ်ဆိုတာက နောက်တစ်ကြိမ် ရလဒ်အပေါ် လုံးဝ သက်ရောက်မှု မရှိပါဘူး။ မခန့်မှန်းပါနဲ့ တွက်ချက်ပါ။